မိုင်းယောင်းမြို့၌ ရိုးရာဆီမီးမျှောပွဲ ပျော်ရွှင်စွာ ကျင်းပဆင်နွှဲ

မိုင်းယောင်း နိုဝင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရိုးရာဆီမီးမျှောပွဲကို ယမန်နေ့က နမ့်ယောင်းချောင်း၌ ကျင်းပရာ ဒေသခံ တိုင်းရင်းသားပြည်သူများ၊ ဘုရားဖူးဧည့်သည်များက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

တန်ဆောင်မုန်းလပြည့် ညပိုင်းတွင် တန်ခိုးကြီးပြီး ထင်ရှားကျော်ကြားသော ရှေးဟောင်းသမိုင်းဝင် ထပ်လုံ(ဓာတ်လုံစွမ်ယောင်း) စေတီတော်မြတ်ကြီးတွင် ဆီမီးထွန်းညှိ ပူဇော်သူများ၊ မီးပုံးပျံလွှတ်တင် ပူဇော်သူများ၊ ဥပုသ်သီတင်းသီလ ဆောက်တည်သူများ၊ ရိုးရာဆီမီးမျှောပွဲ ဆင်နွှဲသူများဖြင့် အထူးစည်းကားခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း