၂၀၂၂ - ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်အထိမ်းအမှတ် ညမီးပုံးပျံများဝင်ရောက်ယှဉ်ပြိုင်

ပြင်ဦးလွင် နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်သောလျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး)၏ (၁၆)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်တွင် နိုဝင်ဘာ ၆ ရက်နေ့ညပိုင်းတွင် ညမီးပုံးပျံများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ညမီးပုံးပျံများဖြစ်သည့် စိန်နားပန်မီးပုံးပျံနှင့် ညမီးကျည်မီးပုံးပျံများသည် (၄-၁၁- ၂၀၂၂ )ရက်နေ့မှ (၈-၁၁-၂၀၂၂) ရက်နေ့အထိ နေ့စဉ်ပွဲစဉ်ဇယားအတိုင်း ဌာန/ရပ်ကွက်၊ အဖွဲ့အစည်းများကိုယ်စားပြုသော အသင်းခေါင်းဆောင်များမှဦးဆောင်၍ စိန်နားပန်မီးပုံးပျံများဖြစ်သည့် ဖွင့်ပွဲမီးပုံးပျံ၊ ပညာ့အလင်းမီး၊ မေတ္တာရောင်ခြည်မီး၊ သီရိအောင်မြေမီး၊ နဂါးမီး၊ မေတ္တာမီး၊ အေးချမ်းသာမီး၊ မုဒိတာမီး၊ ဇနက္ကမီး၊ မိုးကြိုးအင်အားမီး၊ ချမ်းမြေ့မီ ၊ ဂရုဏာမီး၊ ပရဟိတမီး၊ နန္ဒဝန်မီး၊ သစ္စာမီး၊ ပြည်တော်ဝင်မီး၊ အောင်ပွဲမီးပုံးပျံ စသည့် အလုံး (၁၇)လုံးနှင့် ညမီးကျည်မီးပုံးပျံများဖြစ်သည့် လောကပါလမီး၊ မြန်မာ့ရိုးရာမီး၊ မြို့ချစ်မီး၊ အေးချမ်းအောင်မြေမီး၊ ရှမ်းဓနုမီး၊ သစ္စာမီး၊ မြူခိုးမီး၊ တောင်ပေါ်သားမီး၊ တိမ်ယံမီး၊ ပျော်ကြမယ်ဟေ့၊ ပန်းချစ်သူ၊ ရွှေပဒေသာမီး၊ ငြိမ်းချမ်းအောင်မီးနှင့် ရှမ်းတောင်သူမီး စသည့် မီးပုံးပျံ အလုံး(၁၄)လုံး၊ စုစုပေါင်း (၃၁)လုံးတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြသည်။

ယခုလို ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်တွင် နှစ်စဉ်နှစ်တိုင်း ညမီးပုံးပျံပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းကြောင့် ပြိုင်ပွဲဝင်အသင်းအားလုံးနှင့် ပွဲတော်လာပရိတ်များအနေဖြင့် လည်း မီးပလုတ်တုတ်များချိတ်ဆွဲကာ စိန်နားပန်မီးပုံးပျံများလွှတ်နေခြင်းနှင့် မီးရှူးမီးပန်းများပစ်ဖောက်၍ လွှတ်တင်နေသောညမီးကျည်မီးပုံးပျံများကိုမြင်တွေ့ရသဖြင့် အလွန်ပင်ဝမ်းသာပိတိဖြစ်ရပါကြောင်း ပြိုင်ပွဲဝင် အသင်းခေါင်းဆောင်တစ်ဦးထံမှ ပြောကြားခဲ့ကြောင်း သိရသည်။                                                             

ခရိုင် (ပြန်/ဆက်)