တာမိုးညဲ နိုဝင်ဘာ ၈
ရှမ်းပြည်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့တွင် မြို့အုပ်ချုပ်ရေးမှူးဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က တာမိုးညဲမြို့၊ မြို့လယ်ပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာမိုးညဲမြို့ မြို့အုပ်ချုပ်ရေးမှူးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲအား (၁-၁၁-၂၀၂၂) ရက်နေ့မှ စတင်၍အသင်းပေါင်း(၁၁)သင်းဖြင့် ကျင်းပဆောင်ရွက်ခဲ့ရာ (၆-၁၁-၂၀၂၂)ရက်နေ့တွင် အကြိုဗိုလ်လုပွဲအားလည်းကောင်း၊ ယနေ့ (၇-၁၁-၂၀၂၂)ရက်နေ့တွင် တတိယလုပွဲနှင့် ဗိုလ်လုပွဲတို့အားလည်းကောင်း ကျင်းပခဲ့ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဆက်လက်ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေးက အဖွင့်အမှာစကားပြောကြား၍ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ တတိယဆုရရှိသည့် လဝက အသင်းအား ခလရ(၂၉၀)မှ တပ်ရေးဗိုလ်ကြီး ထွန်းသူရိန်ဝင်းကလည်းကောင်း၊ ဒုတိယရရှိသည့် ပသစ-၁ အသင်းအား တာမိုးညဲဌာနေပြည်သူ့စစ်ဒု-ဥက္ကဌ ဦးသန်းဝင်းမှလည်းကောင်း၊ ပထမဆုရရှိသည့် Top One အသင်းအား မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဌေးကလည်းကောင်း ဆုကြေးငွေနှင့် ဆုတံဆိပ်များအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(ခေါန်မိုင်)တာမိုးညဲ