သံတွဲမြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

သံတွဲ   နိုဝင်ဘာ ၈

 ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သံတွဲခရိုင်အုပ်ချူပ်ရေးမှူးဦးမျိုးချစ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုရှင်းလင်းပြောကြားပြီး Video Clip ကိုပြသခဲ့သည်။ ထို့နောက်  ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်မိသားစု စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဝန်ထမ်းများအားတူညီဝတ်စုံများပေးအပ်ခဲ့သည်။

ဆက်လက်၍ အငြိမ်းစားဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်များပေးအပ်ခဲ့ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး၏ ဇနီးဒေါ်ဝင်းမြတ်ဖြူက ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ ၎င်းနောက် ဝန်ထမ်းများကိုယ်စား ဌာနခွဲစာရေး ဦးမြင့်စိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အလှူအဖြစ် သံတွဲမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တရေဝတ အမှူးပြုသည့် ဆရာတော်ငါးပါးထံမှ ငါးပါးသီလခံယူပြီး မေတ္တာသုတ် ပရိတ်တရားတော်များနာယူကြပြီး လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဆရာတော်ငါးပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်