နတ်တလင်း နိုဝင်ဘာ ၈
ပဲခူတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် လူစည်ကားရာစျေးလမ်းနှင့် ဗိုလ်ရုံလမ်းထောင့်တွင် တန်ဆောင်မုန်းလပြည့်နေ့ ယမန်နေ့ ညမှစ၍ ညစျေးတန်းဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါညစျေးတန်းကို နေ့စဉ်ညနေ (၄)နာရီမှ ည(၉)နာရီအထိ နေ့စဉ်ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ယာယီဆိုင်များ စနစ်တကျ ရောင်းချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် ညစျေးတန်းတွင် မြန်မာမုန့်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဟင်းသီးဟင်းရွက်သစ်သီးဆိုင်နှင့် ပန်းဆိုင်များကို စနစ်တကျ ရောင်းချနိုင်ရေးစီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ထားထားဦး(ပြန်/ ဆက်)