သတင်းများ

ပွင့်ဖြူမြို့အဝင် ပြည်လုံးချမ်းသာဘုရားကြီးတွင် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ စတုဒီတာကျွေးမွေး လှူဒါန်း
Nov 09,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့အဝင်ရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးတွင် ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ယမန်နေ့နေ့ ည ၆ နာရီက စတုဒီတာကျွေးမွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့၌ အေးမြသာယာငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဌာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Nov 09,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက အေးမြသာယာငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ် အ.ထ.က (၁) တွံတေး၌ လူငယ်စကားဝိုင်းကျင်းပ
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးမြို့နယ်တွင် လူငယ်များဖွံဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် ကနစိုးကုန်းကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Nov 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ကနစိုးကုန်း‌ကျေးရွာအုပ်စု၊ ကနစိုးကုန်းကျေးရွာ၊ “ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရသော သခင်မကျောင်း”
သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၌ လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား
Nov 09,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်၊ ပဲခူးစုတွင် ယနေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်ခန့်က လျှပ်စစ်မိန်းခုံမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ပြည်မြို့နယ် ထန်းပေါက်ကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Nov 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ငါးရွာအုပ်စု၊ ထန်းပေါက်ကျေးရွာ ကွင်းအမှတ်၊ ၇၄၁(D)ရှိ တောင်သူ ဦးအောင်ပြည့်၏ မိုးစပါးစံပြကွက် တစ်ဧက၌ ယနေ့ နံနက်ပိုင်းက စံကွက်ရိတ်သိမ်းပွဲကျင်းပခဲ့ရာ တစ်ဧကအထွက်နှုန်း စပါး(အစို)(၁၁၀ ဒသမ ၁၇) တင်းထွက်ရှိကြောင်းနှင့် ခြောက်သွေ့ပြီးစပါးတစ်ဧက အထွက်နှုန်း (၁၀၃) တင်းခန့်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနနှင့် ‌ဒေသခံတောင်သူများထံမှ သိရသည်။
နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်  ကျောင်းသား၊ ကျောင်းသူများ စာအုပ်/စာစောင်များကို နေ့စဉ်လာရောက် ငှားရမ်းဖတ်ရှု
Nov 09,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် စာပေကို စိတ်ဝင်စားသည့် ကျောင်းသား/သူများကို အသိပညာဗဟုသုတရရှိစေရန်အတွက် အချိန်ကို အကျိုးရှိစွာ အသုံးချရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့  လာရောက်၍ စာပေလေ့လာဖတ်ရှုသူများ နေ့စဉ်နေ့တိုင်း လာရောက်ငှားရမ်း ဖတ်ရှုခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်
Nov 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်အားကစားပစ္စည်းများပေးအပ်ခြင်းကို ယနေ့  နံနက် (၁၀) နာရီက အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်း ချင်းတွင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။