သတင်းများ

မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  အသိပညာပေး(Talk Show)ပြုလုပ်
Nov 14,2022
မော်လမြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁နာရီအချိန်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ် ခဲ့သည်။
ဆောင်းသီးနှံ နေကြာ၊ နွေစပါးအတွက် ဓါတ်မြေဩဇာဖြန့်ဖြူး ပေးအပ်ခြင်း အခမ်းအနားဒိုက်ဦး၌ ကျင်းပ
Nov 14,2022
ဆောင်းသီးနှံ နေကြာ၊ နွေစပါးအတွက် ဓါတ်မြေဩဇာဖြန့်ဖြူး ပေးအပ်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက် နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အမှတ် ၃ မြို့မတောင်သူ ပညာပေးစခန်း၌ ကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Nov 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ သတင်းမီဒီယာကောင်စီနှင့် ပညာရေး၀န်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ရန်တင်ပြသည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် Community Center ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ့နေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်
Nov 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် Community Center ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Showကို ယနေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်၊ ၃/မာန် ပြေရပ်ကွက်၊ မာန် ပြေ(၁၄)လမ်းအရှေ့မှ မီးဘေးသင့်အိမ်ထောင်စုများအတွက် အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့ လှူဒါန်း
Nov 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌၊ ယမန်နေ့နံနက်(၇:၅၅)အချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့သည့် ၃/မာန် ပြေရပ်ကွက်၊ မာန်ပြေ(၁၄)လမ်းအရှေ့ရှိ မီးဘေးသင့်အိမ်ထောင်စု(၁)စုနှင့် မီးလောင်မှုဖြစ်ပွားသည့် အနီးပတ်ဝန်းကျင်ရှိ မီး​​ဘေးသင့်အိမ်ထောင်စု(၂)စု တို့အား ယမန်နေ့ ညနေ(၄)နာရီအချိန်က မရဝိဇရဓမ္မာရုံ၌ သာကေတမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့် အဖွဲ့ဝင်တို့မှအလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်း ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲကျင်းပ
Nov 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ်၊‌ဝေဘာဂီလမ်းပေါ်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉:၃၀ အချိန်က ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Nov 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။