ဖားကန့်မြို့၌ အေးမြသာယာငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဌာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ဖားကန့် နိုဝင်ဘာ ၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက အေးမြသာယာငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ၂၀၂၀- ၂၀၂၁ တစ်နှစ်စာနှင့် ၂၀၂၁-၂၀၂၂ အတွက် ၆ လစာ စုဆောင်းငွေအပေါ် အတိုးထုတ်ပေးရေးကိစ္စများ၊ အသင်းသားချေးငွေပံ့ပိုးမှုနှင့် ပက်သက်သည့် ကိစ္စရပ်များ၊ အသင်း၏ အမြတ်ငွေများပေါ်မှ မြို့နယ်အတွင်း သာရေး၊ နာရေး၊ လူမှုရေးကိစ္စများတွင် အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဦးအောင်ဆန်းထွန်းက ဆွေးနွေးတင်ပြခဲ့သည်။

အဆိုပါ အေးမြသာယာငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးတွင် အသင်းသူအသင်းသား ၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)