FDAမှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော ကုန်ပစ္စည်း(၆)မျိုးကို ဈေးဆိုင်များတွင် ရောင်းချမှုရှိ၊ မရှိ ကွင်းဆင်း စစ်ဆေး

မင်းတုန်း နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ရှိ ‌ဈေးဆိုင်များတွင် FDAမှ စားသုံးရန်မသင့်ဟု ထုတ်ပြန် ထားသော ကုန်ပစ္စည်း (၆) မျိုး တင်သွင်းရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက သရက်ခရိုင် စားသုံးသူရေးရာဦးစီးဌာန မင်းတုန်းမြို့နယ်တာ၀န်ခံ မြို့နယ်ဦးစီးမှူး ဦးကျော်ရွှေနှင့် သရက်ခရိုင် FDA ဝန်ထမ်းများ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် FDA မှ စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသော ကုန်ပစ္စည်း(၆)မျိုး ရောင်းချမှု မရှိကြောင်းတွေ့ရှိရပြီး နောင်တွင်လည်း အဆိုပါကုန်ပစ္စည်းများနှင့် ရက်လွန် ကုန်ပစ္စည်းများ ရောင်းချခြင်း မပြုရန်၊ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများသာ ရောင်းချရန်နှင့် မုန့်တိုက် (၂)ခုအား ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)