ကန်ကြီးထောင့်မြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးချက် အသိပညာပေး ဆွေးနွေးပွဲဆောင်ရွတ်

ကန်ကြီးထောင့် နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ မိဘပြည်သူများသို့ အသိပေးချက် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက အသိပညာ ပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဆွေက မိဘပြည်သူများအနေဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားရာတွင်လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (ပျောက်ဆုံး/ပျက်ဆီး) မိတ္တူလျှောက် ထားလျှင်လည်းကောင်း စသည်တို့ပြုလုပ်ရာတွင် လိုအပ်သည့် စာရွတ်စာတမ်းများနှင့် မိဘပြည်သူများတွင် မှတ်ပုံတင်နှစ်ခုနှင့် အိမ်ထောင်စုစာရင်း နှစ်ခုဖြစ်ပါက မြို့နယ် လဝကရုံးသို့  နိုဝင်ဘာ(၁၅)ရက်တွင် နောက်ဆုံးထား၍ လာရောက် အပ်နှံပေးကြရန်နှင့် နိုဝင်ဘာ(၁၅)ရက် နောက်ပိုင်း လာရောက် အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ပေးထားသည့် နေရပ်လိပ်စာနှင့် အိမ်ထောင်စုစာရင်းများကိုသာ အတည်ပြုသွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတရရှိ စေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်းများနှင့်ပတ်သက်သည့် အသိပညာပေး ရိုက်ကူးထားသည့် အစီအစဉ်အား ကန်ကြီးထောင့်မြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Kanhyidaunk facebook  page  တွင် လွှင့်တင်ဆောင်ရွတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မဇင် (ပြန်/ဆက်)