လဟယ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း သင်တန်းပို့ချ

လဟယ် နို၀င်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း သင်တန်းပို့ချခြင်းကို ယမန်နေ့မွန်းလွဲ(၁၄)နာရီအချိန် လဟယ်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပပါသည်။

ရှေးဦးစွာ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်၀င်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်  မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက် မြစိမ်းရောင်စီမံကိန်း သင်တန်းပို့ချရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။ 

ဆက်လက်၍ လဟယ်မြို့ပေါ်ရပ်ကွက်ရှိ တာလံရပ်ကွက်၊ မြို့မရပ်ကွက်၊ တိုးချဲ့-၁ ရပ်ကွက်၊ တိုးချဲ့-၂ ရပ်ကွက်များမှ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်း ကော်မတီ၀င်များက မိမိရပ်ကွက်အလိုက် ကဏ္ဍအလိုက် အသေးစား အလတ်စား ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေး တင်ပြကြပါသည်။

ထို့နောက် လဟယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကော်မတီများအား သင်တန်းပို့ချ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လဟယ် (ပြန်/ဆက်)