သတင်းများ

ဆီဆိုင်မြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ဆင့်ပွားသင်တန်းပို့ချပေး
Nov 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများအား သင်ကြားမှုသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန် အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မား လာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ပိုင်းကစ၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမတွင် ဆွေးနွေးပို့ချပေးသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံပညာအထက်တန်းဆင့် (သင်ရိုးသစ်) သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်လှစ်
Nov 13,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)အတွင်း အခြေခံပညာ အထက်တန်းဆင့်(သင်ရိုးသစ်)သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ပြည်တက္ကသိုလ်နှင့် တိုင်းဒေသကြီးပညာရေးမှုးရုံးခွဲ(ပြည်)မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်သည်။
မိုးမိတ်မြို့နယ် Clean & Green City ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Nov 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် ၂၀၂၂-၂၀၂၃  ဘဏ္ဍာ ရေးနှစ် Clean & Green City ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးတင်ရှိန်တို့က စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ယမန်နေ့နံနက် ၉နာရီခွဲ အချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Nov 13,2022
၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၁၇ရက်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီက ဟောပြောပွဲနှင့် စာအုပ်ပြပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။    
ဆီဆိုင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော
Nov 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် နံနက် ၁၁ နာရီက ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း (ပြည်နယ်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနား တက်​ရောက်
Nov 13,2022
မွန်ပြည်နယ် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အ​ခြေခံပညာအထက်တန်း သိပ္ပံဘာသာရပ်များ အတွက် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံ သင်တန်း (ပြည်နယ်အဆင့်) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယ​မန်နေ့နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ အမှတ် (၆) အ​ခြေခံပညာအထက်​ကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။
ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ်များသွား ရောက်ငှားရမ်းပေး
Nov 13,2022
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ တိုးတက်မှုရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှု၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများ ပိုမိုရရှိစေရေးအတွက် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လောင်း)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုဘိုင်းစနစ်ဖြင့် သုတ၊ ရသ စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။
ချောက်မြို့၌ မီး​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​​ရေး တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်​ဆေး
Nov 13,2022
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့အတွင်း မီး​ဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး ရည်ရွယ်၍ ယမန်နေ့နံနက် ၉နာရီခွဲ အချိန်က မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ် (၁)ရပ်ကွက်သို့ သွားရောက်ပြီး တစ်အိမ်တက်ဆင်း မီး​ဘေး ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။