မိုးမိတ် နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ် Clean & Green City ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးတင်ရှိန်တို့က စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ယမန်နေ့နံနက် ၉နာရီခွဲ အချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းများမှာ ယခင်က မြေသားလမ်းများဖြစ်ပြီး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ လက်ခုတ်တန်းရပ်ကွက်ရှိ ဘောဂဝတီလမ်း အရှည် ၁၂၆၅ ပေ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ၊ တောင်ပိုင်းရပ်ကွက်ရှိ ရွှေကြာပင်လမ်း အရှည် ၉၅၀ ပေ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ၊ တောင်ပိုင်းရပ်ကွက်ရှိ သုခလမ်း အရှည် ၁၀၅၀ပေ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ နှင့်မြောက်ပိုင်းရပ်ကွက်ရှိ စမ်းချောင်းလမ်း အရှည် ၄၃၆ ပေ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ လမ်းတို့အား တင်ဒါအောင်မြင်သည့် မြန်မာ့ရွှေလီဦးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ရန် ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အဆိုပါလမ်းများအနက် ဘောဂဝတီလမ်းနှင့်ရွှေကြာပင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့ပြီး သုခလမ်းမှာ ၇၅ ရာခိုင်နှုန်းသာပြီးစီးကြောင်း၊ စမ်းချောင်းလမ်းအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)