သတင်းများ

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မူလတန်းအဆင့် ပြိုင်ပွဲများပြုလုပ်ပေး
Nov 13,2022
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြုလုပ်ပေးခဲ့သည်။
လွိုင်ကော်မြို့၌ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ
Nov 12,2022
ကယားပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်)၌ ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ နည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ် စာစောင်ပြပွဲကျင်းပ
Nov 12,2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Nov 12,2022
လူငယ်လူရွယ်များ အသိပညာတိုးတက်မှုရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု၊ အတွေးအခေါ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများ ပိုမိုရရှိစေရေးအတွက် ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(ပင်လောင်း)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဆွေးနွေးပွဲကို အဆိုပါ သင်တန်းကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
မြိတ်မြို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Nov 12,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အထက(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမတွင် နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့သည်။
လယ်ဝေးမြို့နယ်၊ ကန်သာ(အ.ထ.က)၌ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
Nov 12,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကန်သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် (၉) နာရီက မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် ကျောင်းကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
တနိုင်းမြို့နယ်၌ ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာပေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 12,2022
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာ ကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့် အသိပညာပေးခြင်းကို နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် (၈)နာရီခွဲက တနိုင်းမြို့ လူစည်ကားသည့် လီဒိုလမ်းမကြီးပေါ်ရှိ လမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။