သတင်းများ

တနင်္သာရီတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် Grade-10,11 (သင်ရိုးသစ်) သင်ထောက်ကူ ပစ္စည်းများ လက်တွေ့ အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းအခမ်းအနား ကျင်းပ ထားဝယ် နိုဝင်ဘာ ၁၃
Nov 13,2022
တနင်္သာရီတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် Grade-10,11 (သင်ရိုးသစ်) သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အင်းစိန်မြို့နယ်၊ အ.လ.က(၁၀)ကျောင်း၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြော
Nov 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အင်းစိန်မြို့နယ်၊ အ.လ.က(၁၀) ကျောင်းတွင် ဟောပြောခဲ့သည်။
ဘူးသီးတောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းဆောင်ရွက်
Nov 13,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာအုပ်စု၊ ကွန်တိုင်တောင်ကွင်း၌ ကျင်းပပြုလုပ်သည်။
တိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 13,2022
အထွေထွေရွေးကောက်ပွဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မဲပေးနိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါရှိရေး၊ မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးခွင့်ရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။
ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် အခြေခံပညာမူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Nov 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နေ့လည်(၁၂)နာရီအချိန်က ကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက်  မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ
Nov 13,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက်  ကျေးရွာများတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမူရေးနှင့် စည်းရုံးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်​နေ့နံနက်ပိုင်းက ညောင်ပင်သာ​ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်  ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်တွေ့ဆုံ
Nov 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၁၁)နာရီခွဲက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြကွက် မိုးစပါးရိတ်သိမ်းပွဲ တွင် တစ်ဧက စပါးအစိုတင်း ၁၄၀ ထွက်ရှိမှုကို တောင်သူများနှင့်အတူ တက်ရောက်ကြည့်ရှု အားပေး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Nov 13,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ တောင်သူ ဦးထမ်းဘောမ်၏ ဧက ၁၀၀ တင်း ၁၀၀ စံပြကွက်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဆင်းဧကရီ-၃ မျိုးကောင်းမျိုးသန့် မိုးစပါးရိတ် သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ စံပြကွင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများက တောင်သူများနှင့် တက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။