သတင်းများ

ပြည်ကြီးတံခွန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ရပ်ရွာအတွင်း ဘေးအန္တရာယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၃)ရက်တာဖွင့်လှစ်
Nov 13,2022
ပြည်ကြီးတံခွန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ‌ရပ်ရွာအတွင်း ဘေးအန္တရာယ်ကျရောက်လွယ်မှုနှင့် စွမ်းဆောင်ရည် လေ့လာဆန်းစစ်ခြင်း၊ အားတိုးမြှင့်ခြင်းလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီက စီမံချက်ဝင် ရပ်ကွက်ဖြစ်သော တံခွန်တိုင်ရပ်ကွက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျေးရွာများအရောက် တွေ့ဆုံဆွေးနွေး
Nov 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဒေသခံပြည်သူ များနှင့်တွေ့ဆုံကာ ရပ်ရွာအေးချမ်းသာယာရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အပတ်စဉ်ကျေးရွာများအရောက် ကွင်းဆင်း၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပိန္နဲတောကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
ပုလောမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
Nov 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်များ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ​ အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့၌ မြေပြင်အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းကောက်ခံ
Nov 13,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Nov 13,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ် (၁၉/၂၀၂၂) ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
အုတ်တွင်းမြို့နယ်၌ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် “လူငယ်နဲ့လူသားအသိ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Nov 13,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် လူငယ်အသင်း (Youth Club) အဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေးနှင့် အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားနားလည်ခြင်း၊ အကျိုးရှိအကျိုးမဲ့ကိုခွဲခြားနားလည်ခြင်း၊ အပြစ်ရှိအပြစ်မရှိတာကို ခွဲခြားနားလည်မှ လူလို့ခေါ်ဆိုကြောင်း၊ အသိဉာဏ်ပညာဟာ အရေးပါတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း သိရှိနားလည်စေရန်ရည်ရွယ်၍ စာရေးဆရာ မောင်မင်းစိုးရေးသားသည့် “လူငယ်နဲ့လူသားအသိ” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာဖတ်ဝိုင်းကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး အားကစားပြိုင်ပွဲများတွင်ထူးချွန်သူများအားဆုချီးမြှင့်
Nov 13,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်(၉)နာရီက (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး အားစကားပြိုင်ပွဲများတွင် ထူးချွန်သူများအား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ
Nov 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အမှတ် (၈၁) ယာဉ်ထိန်းတပ်ဖွဲ့စု၊ (မြောင်းမြ)က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို သူနာ​ပြုသင်တန်းကျောင်းတွင် ယနေ့ နံနက် (၁ဝ)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။