သတင်းများ

အင်းတော်ကြီးအိုင်၌ ဧရာဝတီမြစ်အတွင်း ကျက်စားကြသည့် ငါးမျိုးစိတ်များ သန်းနှင့်ချီကာ ဥဥ သားပေါက်
Nov 12,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်သည် ဧရာဝတီမြစ်နှင့် ဆက်စပ် လျက်ရှိရာ ဧရာဝတီမြစ်အတွင်း၌ နေထိုင်ကျက်စားကြသည့် ငါးမျိုးစိတ်များ ဥဥသားပေါက်သည့် နေရာတစ်ခုဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန အင်းတော်ကြီးဒေသရုံးခွဲမှ သိရ သည်။
ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို အနှစ်သာရပြည့်ဝစွာနှင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်
Nov 12,2022
ကရင်အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်ဖြင့် အစဉ်အဆက်ထိန်းသိမ်းလာခဲ့သော သမိုင်းဝင်နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်သည့် ပြာသိုလဆန်းတစ်ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ သီရီကွင်းအတွင်း၌ အနှစ်သာရပြည့်ဝစွာနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင် ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကျင်းပ
Nov 12,2022
နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်း မြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ တောင်ဝိုင်းကြီးနေလသိဒ္ဓိ ဆုတောင်းပြည့်စေတီတော်၌ ကျင်းပရာ ဒက္ခိဏသီရိ မြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ကုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြသည်။
ကော့ကရိတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲဆင့်ပွားသင်တန်းဖွင့်လှစ်
Nov 12,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားလာရေးရည်ရွယ်၍ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဆင့်ပွားသင်တန်းကို ယနေ့နံနက်(၉)နာရီက ကော့ကရိတ်မြို့ အထက(၂) ကျောင်းသရဖီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်အတွင်းရှိ အခြေခံအိမ်ထောင်စု (၅၀၀)အား ဒုတိယအကြိမ် အခြေခံစားကုန်များထောက်ပံ့
Nov 12,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အခြေခံအိမ်ထောင်စု ပြည်သူများအား စာဝတ်နေရေး အထိုက် အလျောက် ပြေလည်စေရန် ရည်ရွယ်၍ အခြေခံစားကုန်များ ထောက်ပံ့ပေးလျက်ရှိရာ ရေနံချောင်းမြို့နယ် အတွင်းရှိ အခြေခံအိမ်ထောင်စု (၅၀၀)အား ဒုတိယအကြိမ် စားကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရေစကြိုမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Nov 12,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ မြတမာခန်းမ၌ ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ပုသိမ်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲပြုလုပ်
Nov 12,2022
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်း (၁၀)နာရီအချိန်က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတို့ ပြုလုပ်ခဲ့​သည်။
ပင်လောင်းမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Nov 12,2022
လူငယ်လူရွယ်များ အသိပညာတိုးတက်မှုရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု၊ အတွေးအခေါ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများ ပိုမိုရရှိစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲကို အဆိုပါ သင်တန်းကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။