သတင်းများ

မိုင်းဆတ်မြို့၌ ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကဗျာရွတ်ပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Nov 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာ၌ မိုးစပါးရာသီတွင် ဧက ၁၀၀ တင်း ၁၀၀ အထက်ထွက်ရှိရေး စံပြစိုက်ခင်းရိတ်သိမ်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်
Nov 12,2022
တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ ဆရာမများအတွက်အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်ပညာရေးဒီဂရီကောလိပ် ပညာရတနာခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာများနှင့် တိုင်းရင်းသား ဘာသာစကား သင် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဘုတ်ပြင်မြို့၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေး ဆင့်ပွားသင်တန်းဖွင့်လှစ်
Nov 12,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်က မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမ တွင် ပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ်၌ အခြေခံပညာ ထက်/လယ်/မူကျောင်းအုပ်ကြီးများ အုပ်ချုပ်မှုစွမ်းရည်မြှင့် သင်တန်းဖွင့်
Nov 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊အလယ်တန်း နှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ ခေါင်းဆောင်မှုအရည် အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံ ပညာကျောင်းအုပ်ကြီးများ အုပ်ချုပ်မှု စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲ ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
(၁ဝ၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲများဆောင်ရွက်
Nov 12,2022
(၁ဝ၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲများကို ယနေ့နံနက် ၁၀နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ပိုမိုအားကောင်းစေရန် မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြား
Nov 12,2022
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၀ နာရီ တွင် မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံ အရာထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။
ဇမ္ဗူသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး၊ နေပြည်တော်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။