ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား (၂၀) ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေး
Nov 18,2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ လူမှုရေးအရငဲ့ညှာသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန်ရှေးရှုသောအားဖြင့်လည်းကောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ(၄၀၁) ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသား/သူများအား လွှတ်ပေးခဲ့ကြောင်း သိရသည်။