ပေါက် နိုဝင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင်ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ပေါက်မြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်စကားခန်းမ၌ကျင်းပရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဆရာ/ဆရာမများ ၊ ကျောင်းသား/ ကျောင်းသူများ ၊ ကျောင်းသားမိဘများ ၊ ဒေသခံပြည်သူများ စုစုပေါင်း (၂၅၀) ဦး ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးနေဇော်က နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားသည်။
ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့်နှင့်အလယ် တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ၊ ကဗျာပြိုင်ပွဲ နှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရခဲ့ကြသည့် ကျောင်းသား ၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ကိုရွှေယော (အညာမြေ)