ပျော်ဘွယ်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကျင်းပ

ပျော်ဘွယ် နိုဝင်ဘာ ၁၇

ပျော်ဘွယ်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီ က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့်ဖျော်ဖြေပြီး နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် ထံမှပေးပို့သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင် က ဖတ်ကြားသည်။

ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်ခဲ့သည့် စာစီ စာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ တို့တွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးလွင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့် ကြသည်။

ထို့နောက် အထက်တန်းအဆင့် ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့ပြိုင်ပွဲဝင်ခဲ့သည့် အကြောင်းအရာများဖြင့် ပြန်လည်ဖျော်ဖြေခဲ့ကြပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ လူမှုရေးအသင်းအဖွဲ့များ စုံညီစွာတက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)