သတင်းများ

ဒီရေတောဒေသများတွင် ပေါက်ရောက်သော ဓနိပင်များသည် လူသားတို့အတွက် များစွာ အကျိုးပြုပေးနိုင်
Nov 18,2022
မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတမ်းဒေသနှင့် မြစ်ကမ်းရိုး ဒီရေတောဒေသများတွင် သဘာဝ အလျောက် ပေါက်ရောက်လေ့ရှိသည့် ဓနိပင်များမှ ဓနိဖူး၊ ဓနိအရွက်၊ ဓနိအရိုးတံ၊ ဓနိသီး အစရှိသော ဓနိပင်တစ်ပင်လုံးသည် လူသားတို့အတွက် များစွာအကျိုးပြုပေးလျက်ရှိသည်။
ကျောက်ဖြူမြို့၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Nov 18,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား သက်ဆိုင်ရာလုပ်ငန်းများ၌ စွမ်းဆောင်ရည်မြင့်မာလာစေရေးအတွက် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမတွင် ကျင်းပပြုလုပ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ
Nov 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အမှတ် (၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်းအမျိုးသားခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၈ နာရီ အချိန်၌ ကျင်းပခဲ့သည်။
ပူတာအိုမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Nov 18,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို နိုဝင်ဘာ(၁၇) ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
ကြံခင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Nov 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား/သူများ၊ ဆရာ/ဆရာများ၊ ဘင်ခရာအဖွဲ့များ၊ Physical Dance အကအဖွဲ့နှင့် ပန်းပွားအကအဖွဲ့များဖြင့် (အ ထ က-၁)ကျောင်းမှ ယမန်နေ့နံနက် (၈)နာရီအချိန်က အခမ်းအနားကျင်းပမည့် ကြံခင်းမြို့ ဧရာဦးခန်းမသို့ ချီတက်ခဲ့ကြသည်။
တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ
Nov 18,2022
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် (၈) နာရီခွဲက ပုန်ခုန်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမတွင် ပန်းအလှဆင်သင်တန်းပြုလုပ်
Nov 18,2022
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Clubတို့ ပူး​ပေါင်းကာ၊ ပန်းအလှဆင်သင်တန်းကို၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁ဝနာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ
Nov 18,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုပေးအခမ်းအနားကို  ယမန်နေ့ နံနက်  ၉  နာရီချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ကျင်းပသည်။