ကြံခင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကြံခင်း နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား/သူများ၊ ဆရာ/ဆရာများ၊ ဘင်ခရာအဖွဲ့များ၊ Physical Dance အကအဖွဲ့နှင့် ပန်းပွားအကအဖွဲ့များဖြင့် (အ ထ က-၁)ကျောင်းမှ ယမန်နေ့နံနက် (၈)နာရီအချိန်က အခမ်းအနားကျင်းပမည့် ကြံခင်းမြို့ ဧရာဦးခန်းမသို့ ချီတက်ခဲ့ကြသည်။

၂၀၂၂ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အစီအစဉ်(၂)ရပ်ဖြင့် ကျင်းပခဲ့ရာ  ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး ကြည်စိုးဦးဆောင်သော မြို့နယ်ရဲတပ်ဖွဲ့များနှင့်အတူ  နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့အား အလေးပြုကြပြီးနောက်    မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၂ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပါသည်။

ဆက်လက်ပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်စန္ဒာဝင်းက အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား ရှင်းလင်းဟောပြောပြီးနောက်   (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာကျောင်းများမှ (ထက်၊လယ်၊မူ)အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် အားကစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိကြသော ကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနား ဒုတိယပိုင်းတွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/သူများနှင့် အောင်မြင်မှုရာနှုန်း အများဆုံးရကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားစတင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ အဖွင့်အမှာစကား ပြောကြားပြီးနောက်  တိုင်းဒေသကြီးအဆင့်  ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ဆုရရှိသော (အ မ က)အင်းလပ် အရှေ့ကျောင်းမှ မောင်သွန်းနေခ  က ရိုးရာခြင်းလုံးခတ် သရုပ်ပြသ ဖျော်ဖြေသည်။

ထို့နောက် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော (၅)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁၆)ဦးနှင့် အောင်မြင်မှုရာနှုန်း အများဆုံးရသော ဖြေဆိုသူ ကျောင်းသား/သူ(၅၀)ဦးအထက် အခြေခံပညာ အထက်တန်းကျောင်း (၄)ကျောင်း၊  ဖြေဆိုသူကျောင်းသား/သူ (၅၀)ဦးအောက် အောင်မြင်မှု ရာခိုင်နှုန်းအများဆုံးရရှိသော အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်းတို့အား တာဝန်ရှိသူ အသီးသီးက ဆုများချီးမြှင့် ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က (အ ထ က-၂) ကျောင်းမှ ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့များနှင့် (အ ထ က-၁)ကျောင်းမှ  Physical  Dance အကအဖွဲ့များအား ဝတ်စုံများထောက်ပံ့ပေးအပ်  ခြင်း၊  တိုင်းဒေသကြီးအဆင့် ရိုးရာခြင်းလုံးဆုရရှိသော မောင်သွန်းနေခအား ဂုဏ်ပြုဆုများ ပေးအပ်ပြီးနောက် (အ  ထ  က-၁) ကျောင်းသား/သူများက "ဇာတိမာန်”သီချင်းဖြင့် သီဆိုပြီး အခမ်းအနား ရုပ်သိမ်းကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)