ကန်ကြီးထောင့်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

ကန်ကြီးထောင့် နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အမှတ် (၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်းအမျိုးသားခန်းမ၌ (၁၀၂)နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၈ နာရီ အချိန်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့  သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်  အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

မဇင်

ကန်ကြီးထောင့်(ပြန်/ဆက်)