ရွှေဘို နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Clubတို့ ပူးပေါင်းကာ၊ ပန်းအလှဆင်သင်တန်းကို၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁ဝနာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က တိုးတက်လာသောခေတ်နှင့်အညီ အမျိုးသမီးများ အိမ်တွင်မှုလုပ်ငန်းများ ကိုယ်တိုင်လုပ်ကိုင်ဖန်တီးတတ်စေရန်၊ မိမိကိုယ်တိုင် လုပ်ကိုင်တတ်သည့်အတွက် အပိုကုန်ကျငွေလည်း သက်သာမည်ဖြစ်ပြီး၊ အားလပ်ချိန်များတွင်လည်း အတတ်ပညာတစ်ခုခု ဖန်တီးတတ်စေရန် ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူ (၂၅)ဦးတက်ရောက်ခဲ့ပြီး တစ်ဦးချင်း၊ အဖွဲ့လိုက် စိတ်ပါဝင်စားစွာ ပန်းအလှဆင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်