ဝိုင်းမော်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

ဝိုင်းမော် နိုဝင်ဘာ ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့် ဆုပေးအခမ်းအနားကို  ယမန်နေ့ နံနက်  ၉  နာရီချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့လာသော (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ သဝဏ်လွှာကို ဖတ်ကြားပြီး စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသူ၊ ကျောင်းသားများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ပေးပို့ထားသော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်ကို ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအား ဝေငှခဲ့သည်။

ဖြူစင်(ပြန်/ဆက်)