မင်းတုန်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်
Nov 18,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်ရာ ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်နွယ်က အဖွင့်အမှာစကား ပြောကြားပြီး အထက်တန်းပြဆရာမ ဒေါ်ငြိမ်းအိအိလှိုင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ် လာပုံသမိုင်း၊ အမျိုးသားအောင်ပွဲ့နေ့ ဦးတည်ချက်များနှင့် ပညာရေးမျှော်မှန်းချက်များ ဟောပြောခဲ့သည်။