တနိုင်း နိုဝင်ဘာ ၁၈
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် (၈) နာရီခွဲက ပုန်ခုန်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို တနိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းက ဖတ်ကြားပြီး ကဗျာပြိုင်ပွဲမှ ဆုရသူများမှ ကဗျာရွတ်ဆိုခြင်း၊ ကဗျာလွတ်အက၊ လောကအားမာန် တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေကြသည်။
ထို့နောက် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်သား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပန်းအိ