မိုင်းရယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

မိုင်းရယ် နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက နမ့်ရယ်ခန်းမ၌ ကျင်းပ သည်။

အခမ်းအနားတွင် အ.လ.က ကျောင်းမှ ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်က ဖတ်ကြား သည်။

ယင်းနောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြုလုပ်သည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူ များအား အမှတ်(၃၅၀) အမြောက်တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ လက်ကမ်းစာစောင်များကို မြို့နယ် ပြန်/ဆက် ဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်မာလာနှင့် ဝန်ထမ်းများက တက်ရောက်လာကြသည့် ဧည့်ပရိသတ် များအား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမှတ်(၃၅၀) အမြောက်တပ်ရင်း တပ်ရင်းမှူး၊  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဒုမြို့နယ်ပညာရေးမှူးများ၊ ဆရာ/မများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

မြို့နယ်