ကျိုင်းတောင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း (ပါဆာ)၌ (၆၀x၃၀)ပေ Steel Structure (၁)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်

ကျိုင်းတောင်း နိုဝင်ဘာ ၁၈

ကျိုင်းတောင်းမြို့ အမှတ်(၆)ရပ်ကွက် (ပါဆာ) အတွင်းရှိ ကျောင်းသား/သူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလာစေရန်အတွက် ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း(ပါဆာ) မြေနေရာတွင် (၆၀x၃၀)ပေ၊ Steel Structure (၁)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိကြောင်း တာဝန်ခံကျောင်းအုပ်ထံမှ သိရသည်။

ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း(ပါဆာ)ဝန်းအတွင်းတွင် ကျောင်းခန်းများ လိုအပ်ချက်အနေဖြင့် (၆၀x၃၀)ပေ Steel Structure (၁)ထပ် ကျောင်းဆောင်သစ် တည်ဆောက်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေမှ ခွင့်ပြုငွေကျပ် (၆၅၀)သိန်းဖြင့် တင်ဒါအောင်မြင်သော တိုးတက်အောင်ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း(ပါဆာ)ဝန်းအတွင်းတွင် ကျောင်းခန်းများ လိုအပ်ချက်အနေဖြင့် (၆၀x၃၀)ပေ Steel Structure (၁)ထပ် ကျောင်းဆောင်သစ်တည်ဆောက်ခြင်းအား စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်လာခဲ့ရာ၌ ယခုတွင် ​၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)