ရွာငံ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ နံနက် ၁၀ နာရီက အထက(ရွာငံ) ပြဒါးလင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို အထက(ရွာငံ)ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ထံမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအားရွာငံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးကဖတ်ကြားပြီး ထက်၊ လယ်အဆင့် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရ ကျောင်းသား၊ ကျောင်းသူများအား စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး အထက(ရေဦး)ကျောင်းသား၊ ကျောင်းသူများက ဓနုရိုးရာအကဖြင့်လည်းကောင်း၊ အလက (ဘုရားကြီးကုန်း)ကျောင်းသား၊ ကျောင်သူများက ထာဝရသစ္စာသီးချင်းဖြင့်လည်းကောင်း ဖျော်ဖြေကပြခဲ့ကြကာ (၁၀၂)နှစ်မြေက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ရွာငံမြို့နယ်အတွင်းရှိ အခြေခံပညာ ထက်၊ လယ်အဆင့်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျား ထက်လယ်မီတာ(၁၀၀) မ ထက်လယ်ကြက်ခွတ်၊ ကျားထက်လယ် ကျောဂုံးထောက်၊ ကျားမထက်လယ် ကြိုးခုန်အားကစားပြိုင်ပွဲများကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါတ်တာတင်တင်အေးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက အားပေးကြည့်ရှုခဲ့ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြသည်။
ရွာငံ(ပြန်/ဆက်)