သတင်းများ

ဒဂုံမြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ
Nov 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက် ၉ နာရီကစ၍ ပြည်အနောက်ရပ်ကွက်ကလေးဆေးရုံဝင်းအတွင်း၌ ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအား ရောင်းချပေးခဲ့ကြကြောင်းသိရသည်။
ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်တစ်ဖက်ကမ်း၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိ
Nov 19,2022
ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံ စားသောက်ကုန်များကို စျေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို  ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာဘလုတ်ညွန့်စက်ကလေးရပ်ကွက်၊ သန္တာလမ်း၌ ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
ပေါက်ခေါင်းမြို့နယ် ဝါစိုက်တောင်သူများ၏ ဝါပွင့်များစတင်ဆွတ်ခူး ဝါဈေးနှုန်းကောင်းရရှိ
Nov 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြိုနယ် စောကဲကျေးရွာရှိ ချည်မျှင်ရှည်ဝါစိုက်တောင်သူများ၏ ယခုနှစ်မိုးရာသီစိုက်ဝါသီးနှံများ စတင်ဝါကောက်(သို့)ဆွတ်ခူးနေပြီဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ကျောင်းအုပ်စုအဆင့် စနစ်သစ် (Grade-5) သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ကျောင်းသား၊ကျောင်းသူ အနာဂတ်မျိုးဆက်သစ် လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉)နာရီက ကျောင်းအုပ်စုအဆင့် စနစ်သစ်(Grade-5) သင်္ချာ စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေးလံခေါင်းပါးသောဒေသတွင် တာ၀န်ထမ်းဆောင်ရန် ရောက်ရှိလာသော တပ်မတော်သား ဆေးဆရာ၀န်များအား လဟယ်မြို့မှ နွေးထွေးစွာကြိုဆို
Nov 19,2022
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လဟယ်မြို့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်ဖြင့်ဝေးလံခေါင်းပါး၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော နာဂဒေသခံပြည်သူများကျန်းမာရေး စောင့်ရှောက်ရန် ရောက်ရှိလာသောတပ်မတော်မှ ဆေးပါရဂူများ၊ ဆေးဆရာဝန်များသည်ယမန်နေ့ မွန်းလွဲပိုင်းက လဟယ်သို့ရောက်ရှိခဲ့ရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဦးဇာနည်ဝင်းနှင့် ဌာနဆိုင်ရာများ၊ လဟယ်မြို့နယ် နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့၊ မြို့နယ်ဆရာ၀န် ဒေါက်တာဝိုင်းအောင်နှင့် ဆရာ/မများကလဟယ်ပြည်သူ့ဆေးရုံရှေ့၌ နွေးထွေးစွာကြိုဆို နှုတ်ဆက်ကြသည်။
စလင်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဘာသာရပ်အလိုက်စွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 19,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဘာသာရပ်အလိုက် စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က အလယ်တန်းအဆင့် Grade-5 မှ အထက်တန်းအဆင့် Grade -9 အထိ ကျောင်းသားကျောင်းသူ ၂၄၃ ဦး ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့၌ မြို့ပြသန့်ရှင်းသာယာလှပစေရေးအတွက် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်
Nov 19,2022
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဌာန၏ ငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြသန့်ရှင်းသာယာလှပစေရေးအတွက် ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ နှင်းဆီလမ်းအား ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၊ အထက(ကျောက်ချက်) ကျောင်းအဆင့်တိုးမြှင့်ခြင်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Nov 19,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က  ကျောက်ချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။