လဟယ် နို၀င်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လဟယ်မြို့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်ဖြင့်ဝေးလံခေါင်းပါး၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော နာဂဒေသခံပြည်သူများကျန်းမာရေး စောင့်ရှောက်ရန် ရောက်ရှိလာသောတပ်မတော်မှ ဆေးပါရဂူများ၊ ဆေးဆရာဝန်များသည်ယမန်နေ့ မွန်းလွဲပိုင်းက လဟယ်သို့ရောက်ရှိခဲ့ရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဦးဇာနည်ဝင်းနှင့် ဌာနဆိုင်ရာများ၊ လဟယ်မြို့နယ် နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့၊ မြို့နယ်ဆရာ၀န် ဒေါက်တာဝိုင်းအောင်နှင့် ဆရာ/မများကလဟယ်ပြည်သူ့ဆေးရုံရှေ့၌ နွေးထွေးစွာကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် လဟယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တွေ့ဆုံမိတ်ဆက်ကြပြီး နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းမှ မိမိတို့ နာဂဒေသရဲ့ ဒေသအခက်ခဲနှင့် ပတ်သက်၍တင်ပြပြီး တာ၀န်ကျရာ နေရာသို့သွားလာရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်မတော်သားဆရာ၀န်များအဖွဲ့သည် လဟယ်မြို့ပြည်သူ့ဆေးရုံတွင်(၂)ဦး (မေ့ဆေးပါရဂူနှင့် ဇီ၀ဓာတုဗေဒပါရဂူ)၊ ယမ်းကြုံးကျေးလက်ကျန်းမာရေးဌာနတွင်(၂)ဦး လဟယ်မြို့နယ်တွင် စုစုပေါင်း(၄)ဦးနှင့် နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့တွင် တာ၀န်ထမ်းဆောင်မည့် တပ်မတော်ဆေးဆရာ၀န်(၂)ဦးဖြစ်ပြီး နာဂဒေသတွင်(၂)နှစ် တာ၀န်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
လဟယ်ပြန်/ဆက်