စလင်း နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဘာသာရပ်အလိုက် စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က အလယ်တန်းအဆင့် Grade-5 မှ အထက်တန်းအဆင့် Grade -9 အထိ ကျောင်းသားကျောင်းသူ ၂၄၃ ဦး ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ကြကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဘာသာရပ်အလိုက် စွမ်းဆောင်ရည်ပြိုင်ပွဲများ ပြုလုပ်ဖြေဆို လျက်ရှိရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းအဆင့်သင်္ချာကျား (၃၄)ဦး၊ မ(၃၉)ဦး၊ အထက်တန်းအဆင့် သင်္ချာကျား (၂၆)ဦး၊ မ(၂၈)ဦး၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် အလယ်တန်းအဆင့်ကျား (၃၄)ဦး၊ မ(၄၄)ဦး၊ အထက်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ကျား(၂၃)ဦး၊ မ(၂၄)ဦး တို့ဝင်ရောက်ဖြေဆိုကြရာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/သူ စုစုပေါင်း ၂၄၃ ဦး ဝင်ရောက်ဖြေဆိုကြကြောင်း စလင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ သိရှိရသည်။
မောင်လွင်(စလင်း)