ဒိုက်ဦးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေး
Nov 19,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့မြို့မဈေးကြီးနှင့် Gas ရောင်းချနေသော ဆိုင်များ၌ မီးလောင်မှု၊ မီးလန့်မှုနှင့် ဝါယာရှော့ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ရန် ဖြစ်ပွားလာပါက လျင်မြန်စွာမီးငြှိမ်းသတ်နိုင်ရေးအတွက် မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သော မီးသတ်ရေကန်၊ ရေစုပ်စက်နှင့် လျှပ်စစ်မီးကြိုးများသွယ်တန်းထားရှိမှု အခြေအနေကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။