ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်တစ်ဖက်ကမ်း၌ အခြေခံစားသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိ

ကြည့်မြင်တိုင်  နိုဝင်ဘာ  ၁၉

ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံ စားသောက်ကုန်များကို စျေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို  ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် နာရီအချိန်မှစတင်၍ ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာဘလုတ်ညွန့်စက်ကလေးရပ်ကွက်၊ သန္တာလမ်း၌ ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များအား ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညီညီ ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့များမှ ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

ကြည့်မြင်တိုင်မြို့နယ်တွင် အခြေခံစားသောက်ကုန်များရောင်းချခြင်းကို ရပ်ကွက်များတွင် အလှည့်ကျ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)