ဒဂုံမြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ

ဒဂုံ     နိုဝင်ဘာ     ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက် နာရီကစ၍ ပြည်အနောက်ရပ်ကွက်ကလေးဆေးရုံဝင်းအတွင်း၌ ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအား ရောင်းချပေးခဲ့ကြကြောင်းသိရသည်။

ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀ ကျပ်၊ စားအုန်းဆီ၁ပိဿာလျှင် ၄၅၀၀ ကျပ်၊ ကြက်ဥ တစ်လုံးလျှင် ၁၈၀ ကျပ်ဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၂၅ ကျပ်သား၊ ကြက်ဥ ၁၀ လုံးတို့အား ရပ်ကွက် တွင်းရှိ ပြည်သူများအား ရောင်းချပေးခဲ့သည်။အဆိုပါရောင်းချရာနေရာသို့ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။

ကြည်ဇေသော်