ပေါက်ခေါင်းမြို့နယ် ဝါစိုက်တောင်သူများ၏ ဝါပွင့်များစတင်ဆွတ်ခူး ဝါဈေးနှုန်းကောင်းရရှိ

ပေါက်ခေါင်း        နိုဝင်ဘာ      ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြိုနယ် စောကဲကျေးရွာရှိ ချည်မျှင်ရှည်ဝါစိုက်တောင်သူများ၏ ယခုနှစ်မိုးရာသီစိုက်ဝါသီးနှံများ စတင်ဝါကောက်(သို့)ဆွတ်ခူးနေပြီဖြစ်ကြောင်း သိရသည်။

"ဝါကောက်ချိန်အစပိုင်းမှာတော့ ချည်မျှင်ရှည်ဝါ တစ်ပိဿာကို ကျပ်၂၇၀၀ ပေါက်ဈေးရရှိပါတယ်၊ပြီးခဲ့တဲ့နှစ်က တစ်ပိဿာကို ကျပ် ၂၀၀၀ လောက်ပဲရှိတယ်။ ဝါတစ်ဧကစိုက်ပျိုးထုတ်လုပ်စရိတ်ကတော့ တစ်ဧကကို ပျမ်းမျှကျပ် သုံးသိန်းခွဲထိရှိတယ်။ ခုဝါကောက်ချိန်မှာ တစ်ဧကကို ဝါပိဿာ ၇၀၀ ခန့်ထိထွက်ရှိပြီး ဝါဈေးကွက်နဲ့ချိန်ကြည့်မယ်ဆိုရင်တော့ တွက်ခြေကိုက်တဲ့သီးနှံဖြစ်ပါတယ်-စတင်စိုက်ပျိုးချိန်အနေ ခူးဆွတ်ချိန်ထိ လလောက်ကြာပါတယ်" ဟု ချည်မျှင်ရှည်ဝါ ဧကစိုက်ပျိုးထားသည့်တောင်သူ ဦးမောင်လေးက ပြောကြားသည်။

ယခုဝါကောက်ချိန်တွင် ကျေးရွာနေပြည်သူတွေအတွက်လည်း အလုပ်အကိုင်တွေရရှိလာတယ်။ ဝါကောက်တာက နေ့စားတော့မဟုတ်ဘူး။ ဝါတစ်ပိဿာကို ၂၀၀ ကျပ်ပေးရတယ်။ တစ်ဦးကို မနက်ပိုင်းတင် ပိဿာ ၃၀ လောက်ရကြပါတယ်။ နေ့တစ်ဝက်ကို ကျပ် ၆၀၀၀ ထိရကြပါတယ်" ဟု ၎င်းက ဆက်ပြောသည်။

ဝါဈေးကွက်ကောင်းသဖြင့် ယခုနှစ်တွင်ပေါက်ခေါင်းမြို့နယ်၌ ဝါကြီးနှင့်ချည်မျှင်ရှည်ဝါအပါအဝင် စုစုပေါင်းဝါဧက ၈၅၀၀ စိုက်ပျိုးထားရှိပြီး၊ဝါမျိုးစေ့ထုတ် ဧကနှင့်ဝါမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)