မိုးနဲမြို့နယ်၌ ကျောင်းအုပ်စုအဆင့် စနစ်သစ် (Grade-5) သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

မိုးနဲ    နိုဝင်ဘာ   ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ကျောင်းသား၊ကျောင်းသူ အနာဂတ်မျိုးဆက်သစ် လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ()နာရီက ကျောင်းအုပ်စုအဆင့် စနစ်သစ်(Grade-5) သင်္ချာ စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးက ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး အခြေခံပညာအထက်တန်း ကျောင်းအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ (Grade-5) ကျောင်းသား၊ ကျောင်းသူ  (၁၈)ဦးက သင်္ချာစွမ်းရည်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ အလားတူ နမ့်မော်ဆွမ့် (အလက) ကျောင်းလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)