ကျောက်ဖြူ နိုဝင်ဘာ ၁၉
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီ ကောလိပ်၌ ပညာရေးဘွဲ့(B.Ed) စာပေးစာယူ (၂/၂၀၂၂)ပထမနှစ် စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ စာသင်ခန်းမများ၌ ကျင်းပပြုလုပ်ရာ သင်တန်းသား/ သင်တန်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
အဆိုပါ ပညာရေးဘွဲ့(B.Ed) စာပေးစာယူ ပထမနှစ်စာမေးပွဲကို သင်တန်းသား/ သင်တန်းသူ (၂၉၈) ဦးတို့မှ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ယမန်နေ့က English Language Proficiency (ELP) ဘာသာရပ်အား ဖြေဆိုခဲ့ကြကာ စာမေးပွဲကာလမှာ နိုဝင်ဘာလ(၁၈) ရက်နေ့မှ (၂၃)ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
ဖြိုးဝေလင်း၊ တင်ထွန်းဦး