ကမာရွတ် နိုဝင်ဘာ ၁၉
အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ အိမ်တွင်းလက်မှုပညာ ခြင်းတောင်းပြုလုပ်နည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကမာရွတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကမာရွတ်မြို့နယ် ဦးစီးမှူး ဒေါ်စိမ်းလဲ့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်တင်သီတာထွန်းက သင်တန်းသားများအား အိမ်တွင်းလက်မှုပညာ ခြင်းတောင်းပြုလုပ်နည်းကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းသူ၊ သင်တန်းသားများက သိလိုသည်များကို မေးမြန်းရာ သင်တန်းနည်းပြက ပြန်လည်ရှင်းပြပေးခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)