နတ်မောက် နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စျေးသာကျေးရွာတွင် အသားတိုးဝက် တစ်နိုင်တစ်ပိုင်မွေးမြူခြင်း ဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်းသိရသည်။
နတ်မောက်မြို့နယ်တွင် တစ်နိုင်တစ်ပိုင်အသားတိုးဝက်မွေးမြူရေး (၂၁) ခြံရှိပြီး စျေးသာကျေးရွာတွင် ရွှေဝါရောင်ဝက်သားပေါက်များ မွေးမြူလျက်ရှိရာ ဝက်ခြံသန့်ရှင်းမှုအတွက် နေ့စဉ်တစ်နေ့လျှင် ၂ ကြိမ် ရေပက်ခြင်း၊ ဝက်ရေချိုးပေးခြင်းများပြုလုပ်၍ ဝက်သားပေါက်များ၏ ကျန်းမာရေးကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက စနစ်တကျကုသပေးလျက်ရှိပြီး ရောင်းတန်းဝင်ဝက်ပေါက်တစ်ကောင်လျှင် (၄)လအထိ မွေးမြူရ၍ အစာကျွေးရာတွင် ကျန်းမာရေးဌာနမှ ထုတ်လုပ်သည့် NEW H0pe (882) အစာနှင့် ဖွဲနု၊ ဆန်ခွဲတို့ ဖြင့်ရောစပ်ကျွေးလျက်ရှိရာ စျေးသာကျေးရွာရှိ ဝက်ခြံတွင် အသာတိုး၀က်ပေါက်ကောင်ရေ (၁၉၈)ကောင် မွေးမြူထားလျက်ရှိကြောင်း အသားတိုးဝက်ခြံမှ တာဝန်ခံတစ်ဦးထံက သိရသည်။
လှဝင်း