ဒိုက်ဦး နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့မြို့မဈေးကြီးနှင့် Gas ရောင်းချနေသော ဆိုင်များ၌ မီးလောင်မှု၊ မီးလန့်မှုနှင့် ဝါယာရှော့ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ရန် ဖြစ်ပွားလာပါက လျင်မြန်စွာမီးငြှိမ်းသတ်နိုင်ရေးအတွက် မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သော မီးသတ်ရေကန်၊ ရေစုပ်စက်နှင့် လျှပ်စစ်မီးကြိုးများသွယ်တန်းထားရှိမှု အခြေအနေကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာ၊ မြို့နယ်လျှပ်စစ်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)