မင်းလှမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကျင်းပ

အထက်မင်းလှ   နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်းစုံ မူလတန်းနှင့်အလယ်တန်းဆင့်ကျောင်းသား၊ ကျောင်းသူများအတွက် မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

 အဆိုပါပြိုင်ပွဲတွင် မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 မှ Grade-9 အထိ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဝင်သူ(၆၄) ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲဝင်သူ(၇၄) ဦး စုစုပေါင်း(၁၃၈)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့် ဖြေဆိုသူများကို Grade-5 မှ Grade-9 အထိအတန်းလိုက်တစ်တန်းလျှင် ကျား၊ မတစ်ဦးစီရွေးချယ်ပြီး မကွေးတိုင်းဒေသကြီးအဆင့် ဆက်လက်၍ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ဇာဇာ(အထက်မင်းလှ)