သရက် နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက ထုံးတောင် ကျေးရွာရွာလယ်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာနေ ပြည်သူများ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး၊မြို့နယ် ရဲတပ်ဖွဲ့မှူးတို့က တရားဉပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး ၊မှုခင်းလျော့နည်းကျဆင်းရေးတို့ ပြောကြား ပေး ခဲ့ပြီးဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကျေးရွာနေ ပြည်သူ များမှ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြ ကြရန်ပြောကြားပေးခဲ့သည်။
ထို့နောက် ကျန်းမာရေး၊စိုက်ပျိုးရေး၊ ပညာရေး၊မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ သက်ဆိုင်ရာ ဌာနများအလိုက် ပြောကြားပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းလွယ်ကူစွာပြုလုပ်နိုင်ရေး ဆွေးနွေးပေးခဲ့ပြီး (Server)အတွင်း ထည့်သွင်းထားသည့် အိမ် ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆အား မြေပြင်တွင်ရှိသည့် အခြေအနေနှင့် တိုက်ဆိုင်စစ်ဆေးခြင်းအား ကနဦးဆောင်ရွက်ခြင်းများ ဆောင်ရွက်ကာ ဒေသခံ ပြည်သူများ၏ တင်ပြချက်အား သက်ဆိုင်ရာ ဌာနများမှ ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)