ချောက် နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ချောက်/လမ်းရွာရေနံမြေ၏၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊MOGE(CSR)နှင့်၂၀၂၂ခုနှစ်GOLDPETROLကုမ္ပဏီ (CSR)အစီအစဥ်တို့ဖြင့် ဆောင်ရွက်ခဲ့သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ပညာရေးသင် ထောက်ကူ ပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းက ချောက်ရေနံဆေးရုံ၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင်ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဌေးကျော် တက်ရောက် အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ချောက်/လမ်းရွာရေနံမြေအထွေထွေမန်နေဂျာ ဦးရဲနိုင်က၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်MOGE (CSR) နှင့် ၂၀၂၂ခုနှစ် Goldpetrol ကုမ္ပဏီ(CSR) လုပ်ငန်းများဆောင်ရွက်ခဲ့ မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ချောက်/လမ်း ရွာရေနံမြေ အထွေထွေမန်နေဂျာနှင့် ဒေသမန်နေဂျာ Goldpetrol ကုမ္ပဏီတို့က ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့်ပညာရေးသင်ထောက်ကူပစ္စည်းများ လွှဲပြောင်းပေးအပ် ရာ ချောက်ရေနံဆေးရုံအတွက် MOGE (CSR)အစီအစဥ်ဖြင့် ငွေကျပ်သိန်း ၂၅၀ တန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်း(၆)မျိုးနှင့်ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို လည်းကောင်း၊GOLDPETROL ကုမ္ပဏီ(CSR)အစီအစဥ်ဖြင့် ချောက်ရေနံဆေးရုံအတွက် ငွေကျပ် သိန်း ၄၆၀ ကျော် တန်ဖိုးရှိ X - Ray ဓါတ်မှန်စက်အတွက်လိုအပ်လျက်ရှိသောဆက်စပ်ပစ္စည်း များကို လည်းကောင်း ၊မြို့နယ်ပြည်သူ့ဆေးရုံအတွက် GOLDPETROL ကုမ္ပဏီ (CSR)အစီအစဥ် ဖြင့် ငွေကျပ် ၁၈၅သိန်းတန်ဖိုးရှိ Covid -19 ရောဂါကာကွယ်ကုသရေးပစ္စည်းများနှင့်ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကိုလည်း ကောင်း၊အ.ထ.ကကျောင်း(၃)ကျောင်း အတွက် MOGE (CSR)အစီအစဥ်ဖြင့် ငွေကျပ်သိန်း ၉၀ တန်ဖိုးရှိ သင်ထောက်ကူပစ္စည်းများ ကိုလည် းကောင်း၊ လွဲပြောင်းပေးအပ်ရာ ရေနံဆေးရုံ ဆရာဝန်ကြီးဒေါက်တာစန်းလွင်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသက်ဦး၊အထက (၄)၊ အထက(စလေ)၊ အထက(ဂွေးချို)ကျောင်းများအတွက် ပေးအပ်သည့် သင်ထောက်ကူပစ္စည်းများအား မြို့နယ်ပညာရေးမှူးဒေါ်ခင်လေးဖြူကလက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာကျေးဇူး တင်စကားပြောကြားခဲ့ သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက မြို့နယ်ပြည်သူ့ဆေးရုံအတွင်း လှည့်လည်၍ Covid -19 ရောဂါကာကွယ်ကုသရေးအတွက်စီစဥ်ဆောင်ရွက်မှုများအား ကြည့်ရှုခဲ့ကြောင်းသိရသည်။
(မြို့နယ်ပြန်/ဆက်)