ဟိုပုံးမြို့နယ်တွင် Myanmar National Oral Health Survey ကောက်ယူ

ဟိုပုံး နိုဝင်ဘာ ၂၂

မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ဒုတိယအကြိမ်မြောက် Myanmar National Oral Health Survey ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ကုသရေးဦးစီးဌာနမှ ယနေ့မနက် ၁၀ နာရီအချိန်တွင် ဟိုပုံးမြို့အမှတ်(၂)  အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်တမ်းကောက်ယူရာ၌ ဟိုပုံးမြို့နယ်ကုသရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာမေသန္တာစိုးနှင့် စစ်တမ်းကောက်ယူရေးအဖွဲ့တို့သည် ဟိုပုံးမြို့နယ်အတွင်းရှိ အသက်အရွယ်အုပ်စု(၆)အုပ်စုခွဲ၍ ကောက်ယူလျက်ရှိပြီး အသက်(၆)နှစ်အုပ်စုနှင့် အသက်(၁၂)နှစ်အုပ်စုတို့ကို မြို့နယ်အတွင်းရှိအခြခံပညာကျောင်းများသို့သွား ကွင်းဆင်းကောက်ယူပြီး အသက်(၁၅) နှစ်နှင့် (၁၈)နှစ်ကြားအုပ်စုနှင့် အသက်(၃၅)နှစ်မှ (၄၄)နှစ်ကြားအုပ်စုတို့ကို ဟိုပုံးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများသို့ ကွင်းဆင်း၍ နိုဝင်ဘာလ(၂၁)ရက်နေ့မှ စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)