ဒေးဒရဲ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ဒေးဒရဲမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရ သည်။
အဆိုပါ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5 မှ Grade-9 အထိ ကျောင်းသား၊ ကျောင်းသူ (၄၀)ဦးက လူတွေ့ဖြေဆိုခြင်းကို ဆက်လက်ဖြေဆိုကြခြင်းဖြစ်ပြီး ယနေ့လူတွေ့ပြိုင်ပွဲအပြီးတွင် ရွေးချယ်ခံရသူများအနေဖြင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများတွင် ဆက်လက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ဒေးဒရဲမြို့နယ် ပညာရေးမှူးရုံးက သိရသည်။
အေဇာလင်း