ပညာသင်သာမဏေများအား စာဖတ်ဝိုင်းပြုလုပ်

လွိုင်လင် နိုဝင်ဘာ ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဝန်ထမ်းများက လွိုင်လင်မြို့ရတနာစည်၊ကျောင်းပြင်ပ ပညာရေးကျောင်းတွင် နယ်လှည့်စာကြည်တိုက် ဝန်ဆောင်မှုဖြင့်  ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က စာဖတ်ဝိုင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ပေးရခြင်းမှာက ပညာသင်သာမဏေများအား ကျောင်းသင်ခန်းစာအပြင် အခြားပြင်ပဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး ကျောင်းသို့အရောက်ကွင်းဆင်း၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ပညာသင်သာမဏေများအား၊ စာဖတ်စွမ်းရည်တိုးတက်စေရန် အတွက် တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များ၊ ကဗျာစာအုပ်များနှင့်  ပြည်သူ့နီတိစာအုပ်များကိုဖတ်ရှု့စေပြီး တစ်ဦးခြင်းအလိုက် ဖတ်ရှု့ပြီးသည့် စာအုပ်များကို ပြန်လည်ပြောပြစေခြင်း ဖြစ်‌ကြောင်းနှင့်အလားတူ မြို့ပေါ်နှင့်ကျေးရွာ အခြေခံပညာကျောင်းများသို့လည်း ကွင်းဆင်းကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေး ထံမှသိရသည်။

အယ်မင်း (လွိုင်လင်)