နမ့်ဆန် နိုဝင်ဘာလ ၂၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ့်ဆန်ဒေသအဆင့်ရုံး လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ဒို့ကျေးရွာဂျာနယ် အတွဲ-၁၉၊ အမှတ်-၂၂ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက ချစ်နိုင်(စိတ်ပညာ)၏ “အကြံကောင်း ဉာဏ်ကောင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေ ချစ်မြတ်နိုးသူများ အသင်း (Book Club) မှဒေါ်သီတာဦး က “တီဘီရောဂါအကြောင်းကို သိရှိစေချင်” အကြောင်းကို လည်းကောင်း၊ ဦးစီးအရာရှိဒေါ်နန်းထားထားလှိုင်က “ကင်ပွန်းချဉ် အစွမ်း အံ့မခန်း” (အေးမြမိုး)ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
နမ့်ဆန်မြို့ ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများ လစဉ်ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရန်နှင့် အမှားအမှန်ကိုပိုင်းခြားသိပြီး ပူးပေါင်းဆွေးနွေးဆောင်ရွက်တတ်သည့် အလေ့ အကျင့်ကောင်း များရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်ဆက်